Friday, July 27, 2012

ကဗျာ့မြစ်ဖျား

အတိတ်ရဲ့အရိပ်အငွေ့တွေရယ်..
ခံစားချက်တွေရယ်အပြည့်နဲ့နှလုံးသားကို..
အိပ်မက်တွေနဲ့ရံထားရင်း..
အနာဂတ်ဆီလှမ်းနေဆဲမှာ...

ပစ္စုပ္ပန်အမှန်တရားက..
အိပ်မက်တွေကိုတတိတိစားလာလိုက်တာ..
ငါ့နှလုံးသားလဲ..
ခပ်ပါးပါးပဲကျန်တော့တယ်...

နှလုံးသားနံရံပါးတွေက..
ခံစားချက်တွေကိုယိုစိမ့်ခွင့်ပြုလိုက်တော့..
စကားလုံးတွေအဖြစ်..
ခုန်ပေါက်စီးဆင်းစေလိုက်တာ..
ခုတော့...
ကဗျာမြစ်တွေကို ဝေလို့ြာလို့...

ပွင့်မြူးဇင်
၂၇.၀၇.၂၀၁၂



2 comments:

...အလင်းစက်များ said...

သူပေါ်မလာတာ ကြာပေါ့။ ပေါ်လာမယ် လာတော့လည်း ကဗျာလေးလှလှလေးနဲ့ ရယ်။

အရာရာ အဆင်ပြေပါစေဗျာ။

ခင်မင်စွာဖြင့်။

သိ င်ျဂါ ရ said...

ခံစားချက်တွေနဲ့ ကဗျာ ဖြစ်စေခဲ့တယ် ... :)