Friday, October 21, 2011

နင်နဲ့ငါ

ဆန်းတော့မဆန်းဘူး
ဒါပေမယ့်.. ထူးတယ်..
ရူးတယ်လို့တော့ မသတ်မှတ်ပါနဲ့
ရက်စက်ခဲ့တာလဲ
ကြာပဲကြာလှပေါ့..

မမေ့ချင်ပါဘူး..
မုန်းဖို့လဲ မကြိုးစားခဲ့တာယုံ..
ပုံပေးထားခဲ့တဲ့အချစ်တွေအတွက်
ခပ်စပ်စပ်ရိုက်ချက်လေးနဲ့
နာကျင်မှုတွေပေးခဲ့သူက
ခုတော့လဲ..
သူမဟုတ်သလိုပါပဲလား..

ချစ်သူရေ..
နင့်အတွက်ငါက
လွတ်တဲ့ငါးမို့ကြီးသတဲ့လား..
အရူးမလုပ်ချင်စမ်းနဲ့ကွယ်..
နင့်အတွက်ဆို
အလိုလိုအဆင်သင့်ဖြစ်နေချင်တတ်တာ
နင်အသိပဲမဟုတ်လား..

ငါ..
သတ္တိရှိပါတယ်..
မိုက်ရူးရဲတော့မဖြစ်ချင်ဘူး..
တနေ့နေ့ပေါ့ကွယ်..
နင်တည့်တည့်သာလျှောက်လာခဲ့..
လုံးနေတဲ့ကမ္ဘာကြီးရဲ့တနေရာမှာ..
ငါတို့..
မျက်နှာချင်းဆိုင်..
ပြန်ဆုံဖြစ်ဦးမှာပါ..

ပွင့်မြူးဇင်
၂၁.၁၀.၂၀၁၁

4 comments:

...အလင်းစက်များ said...

မြုးမြုးရေ...... ကဗျာလေး ခံစားသွားတယ်။ လင့်ပျောက်သွားတာ ကြာခဲ့ပြီမို့  ခုမှ ပြန်ရောက်ဖြစ်တော့တယ်ဗျာ။

ချမ်းမြေ့ပါစေ။

rose of sharon said...

ကဗျာလေးကြိုက်တယ် ညီမလေးရေ

ဆူးသစ် said...

အဲဒီလို ခေါင်းစဉ်လေးနဲ့ကဗျာဆိုတော့လည်း ခေါင်းပါတဲ့ကိုယ်လိုပေါ့ဗျာ။ လန်းပါတယ်။

ဆူးသစ် said...

စကားမစပ်ပါဗျာ။ ကျွန်တော်တို့ဘူကုန်းမီးလောင်တော့ ၀ိုင်းပြီးစိတ်ပူပေးတာကျေးဇူးပါ။