မရေးဖြစ်တာ အတော်လေးကို ကြာနေပါပြီ.. သားသားအကြောင်းတွေ ရေးထားတာပြန်ဖတ်မိတော့ ကြည်နူးမိရလို့ သမီးလေးအကြောင်းတွေပါ မှတ်တမ်းလေးတစ်ခု ရှိနေချင်လို့ ဆက်ရေးချင်စိတ်တွေ ဖြစ်လာပါတယ်.. အခုအခြေအနေနဲ့ အိမ်ပြင်လည်း သိပ်မထွက်ရတာမို့ သားသမီးအကြောင်းတွေသမက ရေးချင်တာလေးတွေရှိလာရင် ဒီမှာလာပြန်ရေးဖို့ ဆုံးဖြတ်လိုက်ပါကြောင်း.. ဟင်းချက်နည်းပေါက်ကရတွေကိုတော့ မြူးမြူးရဲ့မီးဖိုချောင်မှာပဲ တင်ပါမယ်လေ.. မျက်စိနောက်ကြပါကုန်လော့..
1 comment:
ဖတ်မရဘူး
ဘာပဲဖြစ်ဖြစ် ပြန်ရေးတာတွေ့ရလို့ ၀မ်းသာစွာ လာ နုတ်ဆက်ပါတယ်
ခင်မင်လျက်
Post a Comment